Main menu

ဖျာပုံမြို့၊ အောက်ကွင်းကျေးရွာရှိ “ရွှေကောင်းစံ” ဆီစက်သို့ MSMEs ဖွံ့ဖြိုးတိုးတက်မှုရှိစေရေးကွင်းဆင်းစစ်ဆေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးထွေးသိမ်းနှင့် ဝန်ထမ်းတို့သည် ဖျာပုံမြို့နယ် အောက်ကွင်းကျေးရွာရှိ “ရွှေကောင်းစံ” ဆီစက်သို့ MSMEs ဖွံ့ဖြိုးတိုးတက်မှုရှိစေရေးတို့အတွက် ၂၀၂၅ ခုနှစ်၊ မေလ(၁၀) ရက်နေ့ ၊ နံနက်(၁၁:၀၀) နာရီအချိန်တွင်  ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

     ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းမှ ရွှေကောင်းစံ ဆီစက်ပိုင်ရှင် ဦးမျိုးမင်းထွဋ်အား ဆီထုတ်လုပ်ရာ တွင် ကုန်ကြမ်းဝယ်ယူရရှိရာဒေသ၊  ဆီစက်၏ ကြိတ်ခွဲထုတ်လုပ်မှုနှင့် ထွက်ရှိမှုပိဿာနှုန်း၊ လုပ်သား အင်အားနှုန်းနှင့် ဈေးနှုန်းဈေးကွက်အနေဖြင့် မည်သည့် အရပ်ဒေသတို့ကို ဖြန့်ဖြူးရောင်းချကြောင်း မေးမြန်းခဲ့ရာ ၊ ဦးမျိုးမင်းထွဋ်မှ ဆီထုတ်လုပ်ရာတွင် ကုန်ကြမ်းဖြစ်သော မြေပဲကို ရန်ကုန် ဘုရင့်နောင် ပွဲရုံမှ လိုသလောက် ဝယ်ယူရရှိကြောင်း၊ စက်ကြိတ်စွမ်းအား‌ အနေဖြင့် (၀.၁၆၃) တန်ရှိပြီး ၊ တစ်လ ကြိတ်ခွဲထုတ်လုပ်မှုပျမ်းမျှ ပိဿာ အနေဖြင့် (၂၅၀၀) ခန့် ထွက်ရှိကြောင်း၊ လုပ်သားအင်အား (၅) ဦးခန့် ဖြင့်လည်ပတ်လျက်ရှိကြောင်း၊ ဈေးနှုန်းဈေးကွက် အနေဖြင့် ဖျာပုံမြို့တွင်းနှင့် ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲ မြို့များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း ကွင်းဆင်းစစ်ဆေးမှုအရ  သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)