
စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၂.၅.၂၀၂၅)ရက်နေ့၊ နံနက် (၁၁:၃၀)နာရီအချိန်တွင် လေးမျက်နှာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင် ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများနှင့်ပါတ်သတ်၍ စားသုံးသူကာကွယ်ရေးဥပဒေ စတင်ဖြစ်ပေါ်လာပုံ၊ စားသုံးသူများ၊စီးပွားရေး လုပ်ငန်းရှင်များ၏ ရရှိနိုင်သောအခွင့်အရေးများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက် လက်၍ အစားအသောက်များနှင့်လူသုံးကုန်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြထားခြင်း မရှိပါက သတိထား၍ ဝယ်ယူသုံးစွဲသင့်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာရိုက်နှိပ်ဖော်ပြ ထားသောပစ္စည်းများကိုသာရွေးချယ်ဝယ်ယူသုံးစွဲသင့်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် ဈေးကွက်စောင့် ကြည့်စစ်ဆေးရခြင်း၏ လုပ်ငန်းတာဝန်များ၊ ထို့နောက် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များအကြောင်း စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင် ကြောင်းကိုလည်းကောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း အသေးစိတ် ပြောကြားခဲ့ပြီး နေ့လည်(၁၃:၀၀) နာရီအချိန်တွင် ဟောပြောပွဲကို ရုပ်သိမ်းခဲ့ပါ သည်။
DOCA(ဧရာဝတီ)