Main menu

ဟင်းချက်ရာတွင်အသုံးပြုသော အရောင်၊ အနှံ့ပါ ဟင်းခတ် အမွေးအကြိုင်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ဓနုဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန၊  စားသုံးသူရေး ရာဦးစီးဌာ န၊ စည်ပင်သာယာရေးဌာန နှင့်ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်း ရောင်းချလျက်ရှိ သော စားသောက်ကုန် အရောင်း ဆိုင်များရှိ ဟင်းခတ်မှုန့်ပစ္စည်းများတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖော်ပြရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးကို ၁၁-၅-၂၀၂၅ ရက်နေ့  နံနက်ပိုင်း က ဆောင်ရွက်ခဲ့ကြသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ "AJINOMOTO" အပါအဝင် ဟင်းခတ်မှုန့်များ ရောင်းချကြရာမှာသတ်မှတ်ထားတဲ့ ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ ဟင်းလျာများတွင် အသုံး ပြုရန် ထုတ်လုပ်သောသော အရောင်၊ အနံ့၊ အရသာမှုန့် အမျိုးမျိုး ကုန်စည်များ တွင်   စားသုံးသူ ကာကွယ်ရေး ဉပဒေ အရ သတ်မှတ်ထား သော ကုန်အညွှန်း အမှတ်အသားများ ဖော်ပြထားသည့် ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိနှင့် ကုန်စည် အညွှန်းများတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ တစ်ခြားဘာသာဖြင့် တွဲ လျက် ဖြစ်စေ ဖော်ပြခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ စားသုံးသူ ရေးရာ ဦးစီးဌာန မှ ထုတ်ပြန်ထား သော အချက်(၇) ချက်ကို လိုက်နာကြရန်နှင့် ကုန်အညွှန်း အမှတ်အသား လိုအပ်ချက်ရှိသော ကုန်ပစ္စည်းများကို  ရောင်းချခြင်း မပြုရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း  မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦး ဝင်းမင်းစိုး က ပြောကြားခဲ့သည်။

     စစ်ဆေးရန်ကျန်ရှိနေသော မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ အလှကုန်ဆိုင်၊ကုန်မျိုးစုံဆိုင်၊စတိုးဆိုင် များအား ဆက် လက်၍ ကွင်းဆင်း စစ်ဆေး     ဆောင်ရွက်သွားမည်ဖြစ်ကြောင်း   မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

DOCA(ဧရာဝတီ)