Main menu

စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံမှုများနှင့် စပ်လျဉ်း၍ အလွယ်တကူတိုင်ကြားနိုင်ရန် Call Center 1535 အသင့်ရှိ နေပြီဖြစ်ကြောင်း လှုပ်ရှားဆောင်ရွက်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ မြို့နယ်ရုံးများအနေဖြင့် အများပြည်သူများ ကုန်စည် (သို့) ဝန်ဆောင်မှုတွေကို ဝယ်ယူသုံးစွဲတယ့်အခါ ထိခိုက် နစ်နာမှုတွေရှိရင် ဘယ်လိုနည်းလမ်းတွေကို အသုံးပြု၍ ဘယ်သူ တွေတိုင်ကြားနိုင်လည်းဆိုရင် စားသုံးသူရေးရာဦးစီးဌာန၏ Call Center 1535 သို့ ဆက်သွယ်တိုင်ကြား စားသုံးသူအခွင့်အရေး သိရှိလိုပါက မေးမြန်းနိုင်ကြောင်းကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန်သိရှိနိုင်ရန်ကို လုပ်ငန်းစဉ်တစ်ရပ်ကဲ့သို့ ဓနုဖြူ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက လစဉ်လှုပ်ရှား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

     မေလ ပထမပါတ်က ဓနုဖြူမြို့နယ် ကံလှကျေးရွာမှ ပြည်သူ ၁ဦး၊ ဓနုဖြူ ဘုရားလမ်းမှ ရပ်ကွက်နေပြည်သူ ၁ဦး စုစုပေါင်း ၂ဦးမှ စားသုံးသူအခွင့်အရေးနှင့်ပတ်သက်၍ သိရှိလိုသည်များကို မြို့နယ်ဦးစီးမှူးရုံးမှ ဦးဝင်းမင်းစိုး ဦးစီးအရာရှိ ထံသို့ မေးမြန်းလာရာ စားသုံးသူအရေး ကိစ္စနှင့်ပတ်သက်၍ မည်သည့်နေရာမှ သွားစရာမလိုပဲ မိမိနေအိမ်မှတဆင့် အလွယ်တကူ ခေါ်ဆိုနိုင်သော Call Center 1535 သို့နိုင်ကြောင်း ပြည်သူများ လုပ်ဆောင်တက်စေရန် လက်တွေ့ကူညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ဆက်လက်၍ ဘယ်သူတွေကနေ ဘယ်လိုနည်းလမ်းတွေနဲ့ တိုင်ကြားလို့ ရနိုင်ကြောင်းကို ပြည်သူသိရှိနိုင်ရန်အတွက်   တိုင်ကြား လို့ရတယ့်နည်းလမ်း (၇) မျိုးရှိကြောင်း၊  တိုင်ကြားနိုင်တဲ့ နည်းလမ်း အဆင့်ဆင့် တွေကတော့ DOCA Myanmar Application, CICC Naypyi Taw လူမှုကွန်ယက်၊ သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်ဦးစီးမှူးရုံးတွေကို လူကိုယ်တိုင် (သို့) စာဖြင့် တိုင်ကြားနိုင်၊ CICC ဖုန်း၊ Consumer Call Center No.1535 စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များမှ တစ်ဆင့် တိုင်ကြားလို့ရကြောင်း၊ ပို၍ လွယ်ကူတာကတော့  Consumer Call Center နှင့်HOT Line No ဖြစ်သည့် 1535 ကို  Mytel, Ooredoo , Telenor, MPT အသုံးပြုသူများ စားသုံးသူကာကွယ်ရေးဆိုင်ရာ အကြောင်းအရာတွေကို သိရှိလိုသည််ဖြစ်ဖြစ်၊ တိုင်ကြားချင်သည် ဖြစ်ဖြစ်၊ HOT Line No လေးကို  အလွယ်တကူခေါ်ဆိုရုံဖြင့် ဆက်သွယ် တိုင်ကြားလို့ရကြောင်း ထပ်ဆင့် အသိပေးပြောကြား ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)