Main menu

ရွှေမြင့်မိုရ်ဆန်စက် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေးကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၊ ဓနုဖြူမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူ ဝန်ထမ်းများသည် (၁၁.၅.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀)အချိန်က အုန်းပင်ကွင်းကျေးရွာအုပ်စု၊ မရမ်းချောင်းကျေးရွာ ရှိ ရွှေမြင့်မိုရ်ဆန်စက်သို့သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးက မှ ဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံ၍ ဒေသမှ ထွက်ရှိသော စပါးထွက်ရှိမှု ဆန်ကြိတ်ခွဲထွက်ရှိမှု၊ တင်ပိုမှု အခြေအနေများကို မေးမြန်းပြီး ဆတ်စက်တွင် စပါးလက်ကျန် ၅၀၀၀တင်း ရှိပြီး တစ်နေ့ စပါးကြိတ်ခွဲနေမှု ၁၅တန်ကျလည်ပတ်နေပြီး နံနက် ၇နာရီမှ ညနေ ၆နာရီထိ လုပ်ကိုင်လျှက်ရှိကြောင်း သိရသည်။ ထွက်ရှိသော ဆန်များကို ‌ေုသတွင်းရည်ညွှန်းဈေးဖြင့်သာရောင်းချကြောင်း ဆန်စက်ပိုင်ရှင်ထံမှ သိရသည်။ ဆက်လက်၍ ကွင်ဆင်းစစ်ဆေးသူမှ စပါးသိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်သိုလှောင်ထားရှိမှု အခြေအနေများ ဆန်ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန်ဖြူးရောင်းချရာတွင် ထုတ်ကုန်လုံခြုံ စိတ်ချမှုရှိစေရေး၊ ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)