Main menu

ဓနုဖြူမြို့နယ်အတွင်း ရောင်းချနေသော အသင့်သောက် ရေသန့်ဗူးအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြည်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၁၁-၅-၂၀၂၅ ရက်နေ့ ၊နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ဖိတ်ကြားချက်အရ ဓနုဖြူမြို့ ကွက်သစ်ရပ်ကွက်နှင့် ၅ရပ်ကွက်၊ ၄ရပ်ကွက်ရှိ ကုန်မျိုးစုံ ရေသန့်အမျိုးမျိုး အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မြို့နယ်ဦးစီးမှူး ဦးဝင်မင်းစိုးမှ စိန်နှင်းဆီ ရေသန့်နှင့် အချိုရည် ကုန်စုံဆိုင်၊ ဒေါ်ခင်လှ  သောက်ရေသန့်အမျိုးမျိုးအရောင်းဆိုင်၊  ငွေမိုး ရေသန့်အမျိုးမျိုးနှင့် အချိုရည်အရောင်းဆိုင် များမှ ရောင်းချနေသော  Asia, Grand Hill ,  1 plus,တို့တွင် ကုန်းအညွှန်းအမှတ်အသားဖော်ပြပါဝင်မှုများကို စစ်ဆေးခြင်း၊   FDA ထောက်ခံချက်၊ အလေးချိန် လီတာတို့ကိုလည်း မြန်မာလိုဖော်ပြထားသည်ကို တွေ့ရှိရပြီး ဆိုင်ရှင်များကို အခြားသော ရေသန့်များကို ကုမ္ပဏီများမှ ဆိုင်သို့ လာရောက်ဖြန့်ချီပါက ကုန်အညွှန်းအမှတ်အသား ကုန်အညွှန်းအမှတ် အသားပြည့်စုံသော ကုန်ပစ္စည်းများပါဝင်မှသာ  ရောင်းချရန်ကို လည်းကောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှလည်း စည်ပင်လမ်းဧရိယာနယ်နိမိတ်ထက် ကျော်လွန်၍ ရောင်းချနေသောကုန်စည်များကို နေရောင်ခြည်ထဲ ရောင်းချခြင်းမပြုရန်တို့ကို စစ်ဆေး အသိပညာပေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)