Main menu

မအူပင်မြို့နယ် စားအုန်းဆီ လက်လီ/လက်ကားရောင်းချသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေး

Powered by Drupal

     (၁၃..၅.၂၀၂၅)နေ့ နေ့လည် (၁၅၀၀)နာရီအချိန် တွင်‌ စားသုံးသူရေးရာဦးစီးဌာန။ မအူပင်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌ မအူပင်​မြို့နယ်မှ စားအုန်းဆီ လက်လီ၊လက္ကားလုပ်ငန်းရှင် (၂၅)ဦးနှင့် တွေ့ဆုံ၍ မြို့နယ်အတွင်း ရောင်းချသော စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနူန်းအတိုင်းရောင်းချရန်၊ နေ့စဥ်ရရှိသောဆီခွဲတမ်းများနှင့် စျေးနှုန်းအား ဗီနိူင်းများ ချိတ်ဆွဲ‌ရောင်းချရန်၊ ဈေးကွက်အတွင်းစားအုန်းဆီပြတ်လပ်မူမရှိစေရေးနှင့် စားသုံးသူများအလွယ်တကူ ဝယ်ယူ ရရှိရေးတို့ အတွက် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ပြောကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသော လုပ်ငန်းရှင်များက သိလိုသည်များ မေးမြန်းတင်ပြခဲ့ကြပြီး အစည်းအဝေးကို (၁၆၀၀)နာရီတွင် ရှုပ်သိမ်းခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)