
စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးအနေဖြင့် မြို့နယ်ကုန်စျေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များဖြစ်သော ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အ ထွေထွေအုပ်ချူပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်သ မဝါယမဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၀၂၅ ခုနှစ် မေလ ရက်နေ့ နံနက်(၈:၀၀) အချိန်တွင်ကော့ သောင်းမြို့ပေါ်ရှိ မြို့မစျေးအတွင်း အခြေခံစားကုန်များဖြစ်သည့် ဆန်၊ဆီ၊ ဆား၊ ငရုတ်၊ ကြက် သွန်၊ အာလူးနှင့် အသား/ငါး စသည်တို့၏ စျေးနှုန်းအတက်/အကျ ပြောင်းလဲမှု အခြေအနေများ အား သိရှိနိုင်ရန်အတွက် အပတ်စဉ် စျေးကွက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
စားသုံးသူပြည်သူများ၏ စားဝတ်နေရေး ပြေလည်မှုကို ရှေးရှုလျက် အခြေခံစားသောက် ကုန် စျေးနှုန်းများအပါအဝင် ကုန်စျေးနှုန်းတည်ငြိမ်ရေးကို ထိန်းသိမ်းဆောင်ရွက်နိုင်ရန်နှင့် ကုန် စည်စီးဆင်းမှု မှန်ကန်စေရေး တို့အတွက် ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပြီး ကော့သောင်းမြို့ အခြေခံစားသောက် ကုန်စျေးနှုန်းများသည် ဧပြီလနှင့် မေလ ပထမအပတ် နှိုင်းယှဉ်ပါက ကြက်သွန်နီစျေးနှုန်းမှာ အနည်းငယ်ကျဆင်းလျက်ရှိပြီး ကျန် အခြေခံစားသောက်ကုန်စျေးနှုန်းများနှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ကော့သောင်း)