သတင်းနှင့် လှုပ်ရှားမှုများ၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်နေ့ တွင် ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် အဝေးပြေး ယာဉ်ရပ်နား စခန်းသို့ Myanmar Oil Alliance Co.,ltd ကုမ္မဏီမှ လက်လီ/လက်ကား ကိုယ်စားလှယ် တိုက်ရိုက်ဖြန့်ဖြူးရောင်းချသည့်စနစ်အရ ကော့သောင်းခရိုင်အတွက် ခန့်အပ်သော ဦးနိုင်လင်း (ကိုယ်စား လှယ်) မှထုတ်ယူခဲ့သော စားအုန်းဆီ(၁၀၀)ပေပါအား ယာဉ်အမှတ် 5P/8190 (၅၀)ပေပါနှင့် 7G/6855 (၅၀)ပေပါ ရွှေပြည်တိုးကားဖြင့် ဆီကန်မှထုတ်ယူပြီး ကော့သောင်းမြို့သို့ (၈.၄.၂၀၂၅) ရက်နေ့တွင် ရောက်ရှိလာမှုအား ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူများ နှင့်အတူ သွားရောက်စစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။ DOCA(ကော့သောင်း)