Main menu

"စားသုံးသူများ ကျန်းမာပျော်ရွှင်ရေး အိမ်တွင်းမှုသင်တန်းကျောင်းသို့အသိပညာပေး"

Powered by Drupal

               စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဇွန်လ(၂၃)ရက်နေ့၊ နံနက်(၉:၀၀)အချိန်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊  ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင်  စားသုံးသူကာကွယ်ရေးအသိပညာ ပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ခရိုင်ဦးစီးမှူးမှ ဆွေးနွေးရာတွင် ဌာန၏သမိုင်းကြောင်းနှင့်  လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ  စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများ၊ စီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ စားသုံးသူ ပြည်သူများအတွက် ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိစေရေးတို့ကို ဆောင်ရွက်နေရုံသာမက စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ(CICC) ဖွင့်လှစ်ထားရှိမှုအား Power Point  ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

  ဒု-ခရိုင်ဦးစီးမှူးမှ ဆွေးနွေးရာတွင် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့် ကုန်အညွှန်း အမှတ်အသားများနှင့် စပ်လျဉ်းသည့်သိရှိရမည့်သတင်းအချက်အလက်များ၊ စားသုံးသူထိခိုက်နစ်နာမှု နှင့်စပ်လျဉ်း၍ တိုင်ကြားခြင်းနှင့် ကုစားပေးခဲ့မှုများအကြောင်း၊ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှု နှင့်စပ်လျဉ်း၍ စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများနှင့် နည်းလမ်းများအကြောင်း၊ စားသုံးသူရေးရာကိစ္စများ စုံစမ်းမေးမြန်းရန်အတွက် Consumer Call Center အားဖွင့်လှစ်ထားကြောင်း အကျယ်တဝင့်ဆွေးနွေးခဲ့ပါသည်။

        စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်နွယ်နွယ်အေးမှ ဆွေးနွေးရာတွင် စားသုံးသူများတွင် အခွင့်အရေးများရှိ၍ သိရှိရန်လိုအပ်ကြောင်း၊ကုန်စည်နှင့်ဝန်ဆောင်မှုများတွင် ရွေးချယ်ဝယ်ယူ အသုံးပြုရာတွင် လိုအပ်သော သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာ (သို့မဟုတ်) အထောက်အထားရယူထားရှိခြင်းမှာ အရေးကြီးပါကြောင်း အမှန်တကယ်နစ်နာ ဆုံးရှုံး မှုများဖြစ်ပေါ်ပါက မိမိတို့ဌာနသို့တိုင်ကြားစေခြင်းဖြင့် ကုစားခွင့်များရရှိမှာဖြစ်ကြောင်း၊ သင်တန်း သူများအနေဖြင့် နောင်တစ်ချိန်တွင် မိမိတို့ရည်မှန်းချက်များအရ စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်နိုင် သည့်အတွက် စီးပွားလုပ်ငန်းရေးလုပ်ငန်းရှင်များ၏တာဝန်များတွင် ခွဲခြားဆက်ဆံမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာနေထိုင်စေလိုကြောင်း၊ ကတိပြုထားသည့်အတိုင်း တာဝန်ယူမှု တာဝန်ခံမှု ရှိသော လုပ်ငန်းရှင်များ ဖြစ်လာစေလိုကြောင်း၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ နေထိုင် သွားမည်ဆိုပါက အကျိုးစီးပွားများ ပိုမိုဖြစ်ထွန်းလာနိုင်သောကြောင့်လိုက်နာစေလိုကြောင်း၊ Online Shopping သုံးစွဲခြင်းနှင့်ပတ်သက်၍ အကျိုးရှိပုံများ ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများအား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပြီး  တက်ရောက်လာသည့် ဝန်ထမ်းများမှသိရှိလိုသည်များအား ခရိုင်ဦးစီးမှူးမှ ပြန်လည်ဖြေကြားပေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။

DOCA(မကွေး)