Main menu

ကျိုက်မရောမြို့နယ်၌ ဒေသခံပြည်သူများအား သောက်သုံးရေများလှူဒါန်း

Powered by Drupal

   ကျိုက်မရောမြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသော ဒေသခံပြည်သူများ အား မြို့နယ်မီးသတ်ဦးစီးဌာနမှ နတ်စမ်းကျေးရွာ  ပညာဝါဒီဘုန်းကြီးကျောင်းနှင့် အောင်သုခ ရပ်ကွက်ရှိ ရတနာပုံတပ်ဦးကျောင်းများသို့ သောက်သုံးရေများအား အခမဲ့လှူဒါန်းပေးခြင်းများကို ၁၅.၅.၂၀၂၅ ရက်‌နေ့ နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့ကြကြောင်း  သိရသည်။

   အဆိုပါ သောက်သုံးရေများလှုဒါန်းပေးရာသို့ မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးတင်သောင်းဦး နှင့် မီးသတ်တပ်ဖွဲ့ ဝင်များက ဘုန်းကြီးကျောင်းများသို့ မီးသတ်ရေသယ်ယာဥ်  (၂) စီးဖြင့် သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

DOCA (မွန်)