
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၅.၅.၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် မုန်းသီတာ မျိုးစပါးထုတ်လုပ်သည့် စက်ရုံတွင် မျိုးစပါးထုပ်ပိုးမှုနှင့် တင်ပို့မှုတံဆိပ်အမှတ်အသား၊ ကုန်ညွှန်းအမှတ်အသားဖော်ပြမှုတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ဈေးကွက်အတွင်းရောင်းချနေသော မုန်းသီတာအမှတ်တံဆိပ်ပါ မျိုးစပါးထုတ်လုပ် ရောင်းချမှု တွင် မျိုးစပါးထုပ်ပိုးခြင်း၊ စနစ်တကျ ထုပ်ပိုးပြီး အခြားဒေသများသို့ တင်ပို့ရောင်းချခြင်း၊ မျိုးစပါး အမျိုးအမည်၊ ထုတ်လုပ်သည့်ရက်စွဲ၊ စိုက်ပျိုးသင့်သောရာသီ၊ မျိုးစေ့သန်စင်မှု၊ အခြားမျိုးစေ့ပါဝင်မှု၊ အစိုဓာတ်၊ အသားတင်အလေးချိန်တို့ပြည့်စုံစွာပါရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)