
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ သံထည်နှင့် အိမ်ဆောက် ပစ္စည်းများ၏ ဈေးကွက်အခြေအနေများကို သိရှိနိုင်ရေးအတွက် (၁၅.၅.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြည်တွင်းအခွန်များဉီးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဉီးစီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာနတို့မှ အဖွဲ့ဝင်များ ပူးပေါင်းပါဝင်လျက် မြို့နယ်အတွင်းရှိ သံထည်နှင့်အိမ်ဆောက်ပစ္စည်း အမျိုးမျိုး အရောင်းဆိုင်များသို့ မြေပြင်ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရွှေပြည်သာမြို့နယ်ရှိ မုဒိတာ၊ သန်းကြွယ်၊ သပြေ၊ အားမာန် သစ်၊ Golden Dream၊ မြတ်ရွှေရည်စသည့်အရောင်းဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့ပြီး သံထည်များ အနေဖြင့် ဟော်လိုပိုက်၊ ဟင်္ဂလန်၊ U ဘင့်၊ H ဘင့်၊ I ဘင့်၊ သံပြားအစရှိသည်တို့ ရောင်းချနေကြပြီး အိမ်ဆောက်ပစ္စည်းများအနေဖြင့် အုတ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေ၊ Smart Board၊ TARGET BOARD၊ အထပ်သား၊ သွပ်ပြားနှင့်အခြားဆက်စပ်ပစ္စည်းတို့ကို စုံလင်စွာ ရောင်းချနေကြကြောင်း ဈေးကွက် အခြေအနေကို သိရှိရပြီး ၎င်းပစ္စည်းများကို တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရာတွင် ဈေးနှုန်းမြှင့်တင် ရောင်းချမှု မရှိစေရေး၊ ဈေးကစားရန် ရည်ရွယ်ချက် ဖြင့် သိုလှောင်ထားမှုမရှိစေရေးအတွက်လည်း စိစစ်ကြပ်မတ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)