Main menu

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံရုံးတွင် အိမ်ဆောက်ပစ္စည်းရောင်းချသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ် နှင့်ဝန်ထမ်းများသည် (၉.၄.၀၂၅)ရက်နေ့ နံနက်(၁၁;၃၀)နာရီက စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ် တာဝန်ခံရုံးတွင် အိမ်ဆောက်ပစ္စည်းရောင်းချသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး ပွဲပြု လုပ်ဆောင် ရွက်ခဲ့ပါသည်။

      ထိုသို့ဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံမှ တက်ရောက်လာသော  အိမ်ဆောက်ပစ္စည်းရောင်းချသောလုပ်ငန်းရှင်များအား   မိတ်ဆက်စကားပြောကြားပြီး၊ ဌာန၏လုပ်ငန်းတာဝန်များ၊ ရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားခဲ့ပါသည်၊ ဆက်လက်၍  အိမ်ဆောက်ပစ္စည်းရောင်းချသောလုပ်ငန်းရှင် များအားလက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် ဘိလပ်မြေ ဈေးနှုန်းများ ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တင်ရောင်းချနေကြောင်း ကြားသိရသဖြင့် လုပ်ငန်းရှင်များ အနေဖြင့် သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရောင်းချကြရန် ဈေးကွက်အတွင်း ကုန်ပစ္စည်းပြတ်လပ်မှုမရှိစေရေး ၊ လက်ကျန် အခြေအနေနှင့် ကုန်ပစ္စည်း ဝင်ရောက်မှုများအား မေးမြန်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များမှ သိရှိလိုသော မေးမြန်း ချက်များအား ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ လုပ်ငန်းရှင်(၃)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ဧရာဝတီ)