Main menu

ဘိုကလေးမြို့နယ် (၁) ရပ်ကွက်၊ စက်မှုမြေလမ်းရှိ YYL (ရိုးရိုးလေး) သောက်ရေသန့် စက်ရုံသို့ ကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ၉ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် အမှတ် (၁) ရပ်ကွက်၊ စက်မှုမြေလမ်းရှိ YYL (ရိုးရိုးလေး) သောက်ရေသန့် စက်ရုံသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစိစစ်မှုတွင် YYL သောက်ရေသန့်စက်ရုံမှ တစ်နေ့ထုတ်လုပ်မှုအနေဖြင့် ဘူး(၁၀၀၀၀) ခန့်ဈေးကွက်ထဲသို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။ လျှပ်စစ်မီးရရှိလျှင် တစ်နာရီကို ဘူး ၁၀၀ ကျော်ခန့် ထုတ်လုပ်နိုင်ပြီး လျှပ်စစ်မီး မရရှိပါက ရပ်နားထား ရပါသည်။ဈေးနှုန်းဈေးကွက် အနေဖြင့် ဘူးကြီး တစ်ဘူးလျှင် လက်လီ ၁၂၀၀ ကျပ်၊ လက်ကား ၁၀၀၀ ကျပ် ဖြင့် ရောင်းချပေးလျက်ရှိပါသည်။လုပ်သား တစ်ဦးလျှင် လုပ်ခလစာ နှစ်သိန်း ၊ နှစ်သိန်းခွဲအထိ ရှိပြီး လုပ်သားဦးရေ (၁၇) ဦးခန့် ထားရှိပါသည်။ဈေးကွက်အနေဖြင့် မြို့နယ်အတွင်း၌သာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

       ထို့နောက် မြို့နယ်တာဝန်ခံက ထုတ်လုပ်သော ကုန်စည်နှင့် ပက်သက်၍ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုစေရေး အတွက် ကုန်အညွှန်းအမှတ် တံဆိပ် များလည်း ဈေးကွက်ရောက်ကုန်စည်များတွင် ထည့်သွင်းဖော်ပြပေးရန်နှင့် MSMEs လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီ စက်ကိရိယာများ တပ်ဆင်နိုင်ရေး တို့ကို ဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)