
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်တွင်း ပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူအသုံးပြုနိုင်ရန် အတွက်ရည်ရွယ်၍ ကြက်ဥ များကိုနေ့စဉ်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
၂၀၂၅ ခုနှစ်၊ ဧပြီ လ ၁ ရက်နေ့ မှ ၉ ရက်နေ့ထိ ၊ နံနက် ၀၈:၃၀ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အခြားသော ဌာနဆိုင်ရာများ နှင့်အတူ မြို့နယ်အရံ မီးသပ်တက်ဖွဲ့ရုံး ရှေ့တွင် ကြက်ဥ အလုံး(၁၄၀၀၀) ကို ရောင်းချပေးနေကြောင်းနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် ဌာနဆိုင်ရာများမှ ပြည်သူများ သက်သာစွာ ဝယ်ယူရရှိနိုင်ရန် ဆက်လက်၍ နေ့စဉ်ရောင်းချပေးလျှက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)