
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်တွင်း ပြည်သူများသက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူအသုံးပြုနိုင်ရန်အတွက် ရည်ရွယ်၍ ကြက်ဥ များကို နေ့စဉ်ရောင်း ချပေးလျက်ရှိ ကြောင်းသိရသည်။
ရောင်းချရာတွင် စည်ပင်သာယာရေးအဖွဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ကြီးကြပ်ပါဝင်ကြပြီး(၁.၄.၂၀၂၅)ရက်နေ့ မှ စတင်ရောင်းချကာ (၉)ရပ်ကွက် ပန်းဧရာအခွန်လွတ်ဈေး၊ (၂၁)လမ်း (၃)ရပ်ကွက် စားသုံးသူရုံးရှေ့၊ (၇)ရပ်ကွက် ဦးမျိုးအောင်ကြက်ဥအရောင်းဆိုင်၊ (၃)ရပ်ကွက် မြို့မဈေး(၅)ဆိုင်၊ (၄)ရပ်ကွက် (၈)လမ်းဈေး (၇)ဆိုင်၊ ဆားမလောက်ဈေး(၆)ဆိုင်၊ တာကွေ့ဈေး(၆)ဆိုင် ကြိမ်ပင်ဆယ်ကျေးရွာ ဦးမင်းဟိန်းကြက်ဥဆိုင်၊ မဲဇလီဒလအုပ်စု ဦးညီညီလွင်ကြက်ဥဆိုင် တို့တွင် (၁.၄.၂၀၂၅) မှ (၈.၄.၂၀၂၅)ထိ ကြက်ဥ အလုံး(၉၈၄၀၀) အားရောင်းချပေးနေကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)