Main menu

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် တိုင်းဦးစီးမှူးနှင့် အိမ်ဆောက်ပစ္စည်းလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် ဧပြီလ ၈ ရက်နေ့ (၁၀:၀၀) နာရီ တိုင်းဦးစီးမှူး၊ ပုသိမ်ခရိုင်ဦးစီးမှူးတို့မှ ပုသိမ်မြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းဆိုင်ပိုင်ရှင်များနှင့် ခေါ်ယူတွေ့ဆုံခဲ့ပြီး လတ်တလောဖြစ်ပွားနေသည့် ငလျင်ဒဏ်ကြောင့် ဘိလပ်မြေအပါအဝင် အိမ်ဆောက်ပစ္စည်းများကို ဈေးကစားရန် အတွက် သိုလှောင်ခြင်းဈေးနှုန်းမြင့်တင်ရောင်းချခြင်းများ မရှိစေရေးအတွက် ခေါ်ယူတွေ့ဆုံပြောကြားခဲ့ပါသည်၊၊

   တိုင်းဒေသကြီးဦးစီးမှူးမှ ဘိလပ်မြေဈေးနှုန်းများကွင်းဆင်းစစ်ဆေးရာတွင် တစ်ဆိုင်နှင့် တစ်ဆိုင်ဈေးနှုန်းကွာခြားမှုရှိကြောင်း ဆိုင်တော်တော်များများ ပစ္စည်းပြတ်လပ်မှု ရှိကြောင်း အောင်စိုးမိုးဆိုင်တွင် ဘိလပ်မြေတစ်အိတ်ကျပ် ၄၁၀၀၀ ဈေးနှုန်းဖြင့် ရောင်းချနေသည်ကို တွေ့ရှိရကြောင်း အခက်အခဲရှိနေချိန် လက်ကျန်ပစ္စည်းများကို ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းဖြင့် ရောင်းချပေးလိုကြောင်း ပြောကြားခဲ့ပါသည်၊၊

    အောင်စိုးမိုးအိမ်ဆောက်ပစ္စည်းအရောင်းဆိုင် ပိုင်ရှင်ဦးဇော်မျိုးသန့်က ဘိလပ်မြေ ဈေးကွက်ကို ရန်ကုန်မှ ချုပ်ကိုင်ထားကြောင်း ရန်ကုန်မှ ဝယ်ယူသည့် ဈေးနှုန်းအပေါ် တန်ဆာခနှင့် ထိုက်သင့်သည့် အကျိုးအမြတ်သာရယူ၍ ရောင်းချကြောင်း ယခုအချိန် ရန်ကုန်မှ ဘိလပ်မြေတစ်အိတ်၃၉၀၀၀ ကျပ်ဈေးဖြင့် ဝယ်ယူရသဖြင့် သယ်ယူစရိတ်ပေါင်း၍ ၄၁၀၀၀ ကျပ် ရောင်းချခြင်း ဖြစ်ကြောင်း ရန်ကုန် ဈေးတက်၍ ပုသိမ်ရောင်းဈေးမြင့်တက်ရခြင်းဖြစ်ကြောင်း ယခင်ဈေးဖြင့် ဝယ်ယူထားသည့် ဘိလပ်မြေလက်ကျန်များမရှိတော့ကြောင်း ဘိလပ်မြေသည် ၂လအတွင်း အသုံးပြုရပြီး တာရှည်ခံသည့် ပစ္စည်းမဟုတ်သည့်အတွက် ရေရှည်သိုလှောင်၍ မရကြောင်း ပြောကြားခဲ့ပြီး တိုင်းဦးစီးမှူးမှလည်း ရန်ကုန်ဈေးကွက်ဝယ်ယူသည့်ဈေးကို အသိပေးစေလိုကြောင်း ကြိုတင်ရောင်းချပြီးသား ဂိုဒေါင်ထဲတွင်ရှိသော ဘိလပ်မြေအိတ်များရှိပါက အသိပေးစေလိုကြောင်း ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားသည့်ဟု အဖွဲ့အစည်းများနှင့် ဝင်ရောက်စစ်ဆေးသည့်အခါ နားလည်မှုလွဲသွားနိုင်ကြောင်း လုပ်ငန်းရှင် များဘက်မှ ဆွေးနွေးတင်ပြချက်များကို တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးထံသို့ တင်ပြပေးမှာ ဖြစ်ကြောင်း ဈေးနှုန်းတည်ငြိမ်ရေးနှင့် ဈေးကွက်ပုံမှန်လည်ပတ်နိုင်ရေး အားလုံးဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)