Main menu

ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံး အစည်းအဝေး ခန်းမတွင် ငလျင်ဘေးဆိုင်ရာ အသိပညာပေးပွဲပြုလုပ်

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးရုံး အစည်းအဝေး ခန်းမတွင် ဧပြီလ ၈ ရက်နေ့ ၁၃:၃၀ နာရီ တိုင်းဦးစီးမှူး၊ ဒုတိုင်းဦးစီးမှူးနှင့် ဝန်ထမ်းများသည် ရုံးချုပ်မှ ပေးပို့သော ငလျင်ဘေးဆိုင်ရာအသိပညာပေးခြင်း Short Video မှတ်တမ်းအား power point ဖြင့် ထပ်ဆင့်အသိပညာပေး ပြသခဲ့ပါသည်၊၊

   မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် ငလျင်အခြေအနေ၊ ငလျင်ဘေးအတွက် ကြိုတင် ပြင်ဆင်ရန်အချက်များ ၊ ငလျင်လှုပ်နေစဉ်လိုက်နာရန် အချက်များ ငလျင်လှုပ်နေစဉ် ရှောင်ရှားသင့်သည့် အချက်များ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန် အချက်များ ငလျင်လှုပ်ပြီး နောက်ရှောင်ရှားသင့်သည့် အချက်များ မြန်မာနိုင်ငံ၏ ငလျင်ဇုန်ပြ မြေပုံ၊ ထိုင်းနိုင်ငံတွင် ငလျင်လှုပ်ခတ်မှု အခြေအနေ နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သတ်မှတ်ခဲ့ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ် အလံတိုင်ရှေ့တွင် တစ်မိနစ်ငြိမ်သက်၍ ဦးညွှတ်ဂါရဝပြုခြင်း မြန်မာနိုင်ငံအပါအဝင် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း အပေါ် ငလျင်ကျရောက်မှု မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော ဘုရားစေတီတော်များ ပျက်စီးဆုံးရှုံးမှုများ ဗုဒ္ဓဘာသာ သာသနိက အဆောက်အဦ ငလျင်ဘေးဒဏ်ခံစားရသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ  ဝန်ထမ်းများအား ထောက်ပံ့ပေးနိုင်မှု အခြေအနေများ သိရှိ၍ ငလျင်နှင့်ပက်သတ်သော အသိပညာဗဟုသုတများ ရရှိခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)