
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တာဝန်ခံဒေါ်ဇင်မာသန်းသည်( ၁၄.၅.၂၀၂၅) ရက်နေ့၊နေ့လည်(၁;၀၀) မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမားရေးနှင့် ကုသရေးဦးစီးဌာန တို့နှင့်ပူးပေါင်း၍ စားသောက်ဆိုင်များအား ကွင်ဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှဆိုင်ရှင်များနှင့်တွေ့ဆုံ၍ စားသောက်ဆိုင်များ သန့်ရှင်းကောင်းမွန်ရေး၊ ဝန်ဆောင်မှုကဏ္ဍများကို စားသုံးသူများအား ပွင့်လင်းမြင်သာစွာချပြပေးရန်၊ စားသောက်ဖွယ်ရာများ၏ အရွယ်အစားအလိုက်ဈေးနှုန်းများအား သိသာထင်ရှားစွာဖော်ပြထားရှိရေးတို့အား အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)