
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုး သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍(၁၄.၅.၂၀၂၅)ရက်နေ့၊ နေ့လည်(၁;၃၀)နာရီအချိန်တွင် အောင်သပြေဈေးရှိ ကုန်မျိုးဆိုင်များတွင် ရောင်းချနေသော ဟင်းချက်အမွေးအကြိုင်များတွင် ကုန်အညွှန်းပြည့်စုံမှုရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ အောင်သပြေဈေးရှိကုန်မျိုးဆိုင်များ တွင်ရောင်းချနေသော ကုလားလေး(မဆလာ)၊ မြန်မာရနံ့(ငရုတ်ကောင်း)ဟင်းချက်အမွှေးအကြိုင် ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျည်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုး အစားအလိုက်သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်အမှတ်အသားဖော်ပြချက်၊ ပြည့်စုံမှုရှိ/မရှိအား ဌာနအနေဖြင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုများ စည်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)