Main menu

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းသည် (၁၄.၅.၂၀၂၅)ရက်နေ့၊နေ့လည်(၂;၀၀)နာရီ အချိန်တွင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူပြည်သူများအား အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

       ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အရာရှိ ဒေါ်ဌေးဌေးလှိုင်မှ စားသုံးသူအသိပညာပေး  Talk Show  ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြို့နယ်တာဝန်ခံမှဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်း ပြောကြားခဲ့ပြိး ကုန်စည်ကိုထုတ်လုပ်ဖြန့်ဖြူးရောင်းချလျှင် ဖော်ပြရန်လိုအပ်သော ကုန်အညွှန်းအမှတ်အသား အချက်အလက်များ၊ ကန်စည်၊ဝန်ဆောင်မှုကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း၊ ရောင်းချခြင်းဆိုင်ရာတားမြစ်ချက်များနှင့် ဥပဒေများအကြောင်းကို အကျယ်တဝံ့ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ဥပဒေပါ အချက်အလက်များ သိရှိလိုပါက စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှုးရုံးတွင်လည်းကောင်း ၊စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏  WWW.doca.gov.mm Website တွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

 DOCA (ဧရာဝတီ)