Main menu

အိမ်ဆောက်ပစ္စည်း အရောင်းဆိုင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ကုန်ဈေးနှုန်း တည်ငြိမ်စေရေး တွေ့ဆုံဆွေးနွေး

Powered by Drupal

မအူပင်ခရိုင်၊ မအူပင်မြို့နယ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင် လုပ်ငန်းရှင်များကို စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးက အစည်းအဝေးခန်းမသို့ ၈-၄-၂၀၂၅ ရက်နေ့ နေ့လည် (၁၅၀၀)နာရီအချိန်တွင် ဖိတ်ကြား၍ အိမ်ဆောက်ပစ္စည်းနှင့် စပ်လျဉ်း၍ ရောင်းချသည့်အခါ အများပြည်သူများအား သင့်တင့်မျှတသော ဈေးဖြင့် ရောင်းချနိုင်ရန်အတွက် တွေ့ဆုံ ဆွေးနွေး အသိပညာ ပေး ဆောင်ရွက်ခဲ့ကြသည်။

          ဆွေးနွေးရာတွင် မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက မအူပင်မြို့ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်လုပ်ငန်းရှင် (၅)ဦးနှင့် တွေ့ဆုံကာ မအူပင်မြို့နယ်အတွင်း ရောင်းချနေသော ကုန်စည်များ ကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာ ရောင်းချနိုင်ရန်ကိုလည်းကောင်း၊ ယခုဖြစ်ပေါ်နေ သော သဘာဝဘေးအန္တရာယ်များကြောင့် အများပြည်သူများ ကုန်စည်ဈေးနှုန်း မြင့်တက်၍ ဝယ်ယူနေရ ခြင်းများကို ကြားသိရသဖြင့် ကုန်စည်များသိုလှောင်၍ ဈေးကစားရန် ရည်ရွယ်၍ ဈေးမြှင့်တင် ရောင်းချခြင်းမပြုရန်ကို လည်းကောင်း ဆွေးနွေးခဲ့သည်။ ဆက်လက်၍ လုပ်ငန်းရှင်များမှ ရန်ကုန်မှ ပစ္စည်းများ မှာယူရ ခက်ခဲ့သဖြင့်  လက်ကျန်နည်းပါးပြီး ရန်ကုန်အထိုင်ဈေးပေါ်မူတည်၍ ရောင်းချ ပေးလျှက်ရှိကြောင်းနှင့် ဈေးနှုန်းမြင့်တက်လာရသည့်အကြောင်းရင်းမှာ စက်ရုံထုတ်ဈေးနှုန်း မြင့်တက်လာခြင်း၊ သယ်ယူပို့ဆောင်ခနှုန်းများ မြင့်တက်လာခြင်းနှင့် ဈေးကွက်အတွင်း ပစ္စည်းဝင် ရောက်မှု လျော့နည်းခြင်းတို့ကြောင့်ဖြစ်ကြောင်း တင်ပြကြပြီး၊ ဌာနမှ တာဝန်ရှိသူက ရန်ကုန်မှ ဝယ်ယူရသည့်  ဈေးအပေါ် သယ်ယူစရိတ် ၂ရာခိုင်နှုန်းဖြင့် သင့်တင့်သော ဈေးဖြင့်သာ ရောင်းချရန် အပတ်စဉ်ရောင်းချသော ဈေးနှုန်းများကိုလည်း စိစစ်ကောက်ယူ မည်ဖြစ်သဖြင့် လုပ်ငန်းရှင်များကပါ ပူးပေါင်းဆောင်ရွက်ကြရန် အသိပညာပေးမှာကြားဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)