Main menu

မုံရွာမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သည့် ဂျပန်စကားပြောသင်တန်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် မုံရွာမြို့နယ်တာဝန်ခံသည် စားသုံးသူကာ ကွယ်ပေးရေး၊ အသိပညာများတိုးပွားရရှိစေရေး အသိပညာပေးဟောပြောပွဲ အခမ်း အနားကို မေ လ ၁၅ ရက် နံနက် (၁၀:၀၀) နာရီအချိန်က မုံရွာမြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သည့် ဂျပန်စကားပြောသင်တန်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာသင်တန်း ဆရာ/ဆရာမများနှင့် သင်တန်း သား/သူ စုစုပေါင်း ( ၃၅) ဦး တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

     အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ မုံရွာမြို့နယ်တာဝန်ခံက  မိမိတို့ ဝန်ကြီးဌာနနှင့် ဦးစီးဌာနတို့၏ လုပ်ငန်း ဆောင်ရွက်ချက်များကို မိတ်ဆက်အမှာစကားပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများအခွင့်အရေးနှင့် တာဝန်များ၊  စီးပွားရေးလုပ်ငန်း ရှင်များ၏ တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်များအပေါ် စီးပွားလုပ်ငန်းရှင်က အာမခံချက်ပေးရမည့်အချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် စားသုံးသူများက တောင်းဆိုနိုင်သည့် အခွင့်အရေးများပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြည့်စုံသည့် စားသောက်ကုန်များ ထုတ်လုပ်သင့်ကြောင်း၊ စားသုံးသူများတိုင်ကြားရမည့် နည်းလမ်းများနှင့် လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုများအပေါ်ဌာနမှ ဖြေရှင်းဆောင်ရွက်ခဲ့သည့် အမှုတွဲများအကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများမှတ်ပုံတင်ခြင်းအကြောင်းများ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

      ထို့နောက် တက်ရောက်လာသည့် သင်တန်းသူ/သားများက စားသုံးသူကာကွယ်ပေးရေး ဥပဒေပါ အကြောင်းအရာများ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ သိလို သည့် မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက အပြန်အလှန်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး လက်ကမ်း စာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)