Main menu

စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေး Talk Show ပြုလုပ်

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့က စားသုံးသူကာကွယ်ရေး အသိပေညာပေး Talk Show ကို  မွန်းလွဲပိုင်း ၁၄:၀၀ နာရီ အချိန်တွင် ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Center) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

  အဆိုပါဆွေးနွေးပွဲတွင် ဓနုဖြူမြို့နယ် ပြန်ကြား‌ရေးနှင့် ပြည့်သူဆက်ဆံရေးဦးစီးဌာန မှ  မြို့နယ်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို မေးမြန်းရာ ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွှမ်းမိုး က စားသုံးသူ‌ရေရာဦးစီးဌာနအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ အခန်း(၇) စားသုံးသူရေးရာကော်မတီဖွဲ့စည်းခြင်း နှင့် လုပ်ငန်းတာဝန်များအကြောင်းကို အများပြည်သူ သိရှိနိုင်ရန် ရှင်းလင်းပြောကြားခဲ့ရာ တိုင်း‌ဒေသကြီးသို့မဟုတ် ပြည်နယ်စားသုံးသူရေးရာကော်မတီ၊ ပြည်ထောင်စုနယ်မြေ စားသုံးသူရေးရာကော်မတီ နှင့် ကော်မတီများဖွဲ့စည်းရာတွင်လဲ ကော်မတီ ဥက္ကဌ နှင့် အဖွဲ့ဝင်ဦးရေ ငါးဦးမှ ကိုးဦးအထိ ‘မ’ ဂဏန်းဖြင့် ဖွဲ့စည်းရမည် ဖြစ်ကြောင်းနှင့် အခန်း (၈) စားသုံးသူရေးရာ ကော်မတီ၏ လုပ်ပိုင်ခွင့်နှင့်လုပ်ငန်းတာ ဝန်များ မှ စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် သက်ဆိုင်ရာအစိုးရဌာန ၊ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ အငြင်းပွားမှုနှင့် စပ်လျဉ်း၍ ဖြေရှင်းရန်လိုအပ်ပါက သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့များ၏ အကြံဉာဏ်များ ရယူခြင်း၊ နစ်နာဆုံးရှုံးမှုဖြစ်စေနိုင်သည့်ကုန်စည် နှင့် ဝန်ဆောင်မှုများကိုစုံစမ်းနိုင်ရန် စုံစမ်းစစ်ဆေးရေး အဖွဲ့ များအားတာဝန်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင် မှ လိုက်နာရန်ပျက်ကွက်ကြောင်းတွေ့ရှိပါက ပုဒ်မ ၅၃ တွင်ဖော်ပြထားသည့် စီမံခန့်ခွဲရေးဆို်ငရာ အမိန့်တစ်ရပ်ကိုဖြစ်စေ၊တစ်ရပ်ထက်ပို၍ဖြစ်စေ ချမှတ်ခြင်း၊ပုဒ်မ-၅၂ အရ အယူခံမှုကို အဆုံးအဖြတ်‌ပေးခြင်း၊ကော်မတီသို့တင်ပြခြင်း နှင့် ကော်မတီက အခါအားလျှော်စွာ ပေးအပ်သော တာဝန်များကိုဆောင်ရွက် ခြင်းတို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

စားသုံးသူ‌ရေးရာဦးစီးဌာန အနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်အတွက် အသိပညာပေးဆွေးနွေးပွဲများ၊‌ဟောပြောပွဲများ၊ ပြပွဲ များဆောင်ရွက်လျှက်ရှိကြောင်းနှင့် စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ သိလိုသည်များကို အလွယ်တကူမေးမြန်းနိုင်သော  Consumer Call Center အကြောင်း ကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)