Main menu

စိုက်ပျိုးရေးသုံး ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များ ရှောင်တခင်စစ်ဆေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဌာန၏လုပ်ငန်းတာဝန်များအပြင် လိုအပ်ပါက သက်ဆိုင်ရာမိတ်ဘက်ဌာနများနှင့် ပူးပေါင်း၍ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ (၁၄.၅.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့ သည် ရွှေဘိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဖွဲ့စည်းတာဝန်ပေးအပ်သည့် ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊  မြို့နယ်ပြည်သူ့ကျန်းမာရေဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးကော်မတီတို့နှင့်ပူးပေါင်း၍ ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်၊ ဈေးတောင်ဘက်ရှိ စိုက်ပျိုးရေးသုံး ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များအား ရှောင်တခင်စစ်ဆေးခဲ့ကြပါသည်။

   ထိုသို့စစ်ဆေးရာတွင် တရားမဝင်ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ သိုလှောင်ရောင်းချခြင်းရှိ/မရှိ CAP သက်တမ်းလွန်ခြင်းရှိ/မရှိ၊ အရောင်းဆိုင်မှတ်တမ်းထားရှိခြင်းရှိ/မရှိ၊ လက်အိတ်နှင့် Mask တပ်ဆင်ထားခြင်းရှိ/မရှိ၊ ရောင်းချခွင့်လိုင်စင်အား စနစ်တကျချိတ်ဆွဲထားခြင်းရှိ/မရှိ၊ လေဝင်၊ လေထွက် ကောင်းမွန်မှုရှိ/မရှိ၊ ဆိုင်အတွင်း အစားအသောက်များ စားခြင်းရှိ/မရှိ၊ ဆေးကြောရန်ဘေစင်များ ထားရှိမှု ရှိ/မရှိတို့အား စစ်ဆေးပြီး အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)