Main menu

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်၊ (၃)မိုင်မြို့ရှိလူငယ်အားမာန်ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် (၁၀.၄.၂၀၂၅)ရက်နေ့ နေ့လည်(၁၀;၀၀)အချိန်တွင် လပွတ္တာမြို့နယ် (၃)မိုင်မြို့ရှိလူငယ်အားမာန်ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူများအား စားသုံးသူ အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံမှ မိတ်ဆက် စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူ ကာကွယ်ရေးဥပဒေ(၂၀၁၉)ပါပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစား အသောက်များတွင် ဓါတုဆိုးဆေးများအလွန်အကျူးပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက် များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၆၉)ဦး တက်ရောက်ခဲ့ပါသည်။