
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင်အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည် (၁၀.၄.၂၀၂၅)ရက်နေ့၊ နံနက်(၁၀;၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အိမ်မဲမြို့နယ် ပါရမီဒေါင့်ကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှုးရုံး၌ ပြည်သူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းချက်ပါ စားသုံးသူများအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများဘေးအန္တာရယ်ကင်းရှင်းရေးအတွက် စားသုံးရန်မသင့်သော အစားအစာများ၊ ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့်ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက်အသုံးပြုတတ်ရန်၊ အသင့်စားမုန့်ထုတ်များ ဝယ်ယူစားသုံး လျှင် မြန်မာစာ ဖြင့်ရေးသားထားသော မုန့်ထုတ်များ ရွေးချယ်ဝယ်ယူတတ် စေရန်နှင့် စားသုံးသူ နစ်နာဆုံးရုံးမှုများ ရှိလျှင် တိုင်ကြား နိုင်သည့်နည်းလမ်းများအား အသေးစိတ်ဟောပြောဆွေးနွေးခဲ့ပါသည်။ဟောပြောပွဲသို့ ကျေးရွာပြည်သူ(၄၀)ဦးတက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)