
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးသည် (၁၁.၄.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသုံးသူပြည်သူများအား လပွတ္တာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။
ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး စားသုံးသူ ရေးရာဦးစီးမှုးရုံးမြို့နယ်တာဝန်ခံမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များအားဦးစွာရှင်းလင်းပြောကြားခဲ့ပြီး ၂၀၁၉စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၉) ပါစားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အခန်း(၁၀)ပါစီးပွားရေးလုပ်ငန်းရှင်တာဝန်များအား အသေးစိတ် ရှင်းလင်းဟောပြောခဲ့ပါသည်။ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံချက်များ တွင်ပါဝင် သည့်အချက်(၇)ချက် အခန်း(၁၂)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ဖော်ပြရမည့်အာမခံချက်များ စားသုံး သူက တောင်းဆိုနိုင်သည့် အခွင့်အရေး(၄)ချက် တို့အား အသေးစိတ်ဆွေးနွေးဟောပြောခဲ့ပါသည်။ ဥပဒေပါ အချက်အလက်များသိရှိလိုပါက စားသုံးသူရေးရာ ဦးစီးဌာနခရိုင်ဦးစီးမှူးရုံးတွင်လည်းကောင်း စားသုံး သူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.gov.mm website တွင်လည်းဝင်ရောက်ကြည့်ရှု့ နိုင်ပါကြောင်းအသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။
DOCA(ဧရာဝတီ)