Main menu

“ကော့မှူးမြို့နယ်၌ဆန်စပါးလုပ်ငန်းများစဉ်ဆက်မပြတ်တိုးတက်စေရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် တောင်ပိုင်းရပ်ကွက်ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ဆန်စပါးလုပ်ငန်းများ စဉ်ဆက်မပြတ် တိုးတက်စေရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေလ(၁၅)ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကော့မှူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးမင်းက ဆန်စပါးလုပ်ငန်းများ စဉ်ဆက်မပြတ် တိုးတက်စေရေးအတွက် ဆန်စပါးကဏ္ဍတွင် ဆန်စပါးဝယ်ယူခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဆန်စက်၊ သိုလှောင်ရုံ စစ်ဆေး ရေးအဖွဲ့များ၊ ဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ၎င်းအဖွဲ့၏ လုပ်ငန်းတာဝန်များ ဖြစ်သော သိုလှောင်ရုံမှတ်ပုံတင်ခြင်း၊ ဆန်စက်မှတ်ပုံတင်ခြင်း၊ ဈေးနှုန်းစိစစ်ခြင်း၊ အရည်အသွေး စစ်ဆေးခြင်း၊ အလေးချိန်စိစစ်ခြင်း၊ ဈေးကစားမှုကာကွယ်ခြင်း၊ ဆန်စက်များ၏ သိုလှောင်မှု စနစ်နှင့်သန့်ရှင်းရေးစနစ်များအား စစ်ဆေးခြင်းဆောင်ရွက်ရန်၊ ဆန်စက်နှင့် သိုလှောင်ရုံ စစ်ဆေးမှု များသည် ဈေးကွက်တည်ငြိမ်ရေး၊ စားသုံးသူအခွင့်အရေး ကာကွယ်ရေးနှင့် နိုင်ငံတကာစံနှုန်းများ နှင့်ကိုက်ညီမှု ရှိစေရန် ရည်ရွယ်၍ လုပ်ငန်းရှင်များအနေဖြင့် Myanmar Rice Online (MyRo) တွင်မှတ်ပုံတင်ခြင်း၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းဖြင့် ဥပဒေနှင့်အညီ လုပ်ကိုင်နိုင်ရန် ဆန်စပါးဝယ်ယူခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းများကို မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန် အတွက် ထိန်းကျောင်းဆောင်ရွက်သွားရန် ပြည်ပသို့ဖြစ်စေ၊ အခြားတိုင်းဒေသကြီး/ပြည်နယ် သို့ဖြစ်စေ သယ်ယူပို့ဆောင်မှု လုပ်ငန်းများ မှန်ကန်မြန်ဆန်စေရေး ထိန်းကျောင်းဆောင်ရွက် သွားရန်၊ ဒေသတွင်း ဆန်စပါးဈေးနှုန်းများ တည်ငြိမ်စေရေးတို့အတွက် စက်မှုလုပ်ငန်းရှင်များ၊ ဆန်စပါးလုပ်ငန်းရှင်များ၊ တောင်သူလယ် သမားအစုအဖွဲ့များနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေးပြော ကြားခဲ့ကြောင်း သိရှိ ရပါသည်။

DOCA (ရန်ကုန်)