Main menu

အိမ်ဖြူတော်ဘိလပ်မြေ၊ အိမ်ဆောက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ရှိ ဈေးနှုန်းများ ကွင်းဆင်းကြပ်မတ်စစ်ဆေးဆောင်ရွက်ခြင်း

Powered by Drupal

    ၂၀၂၅ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးနှင့် နောက်ဆက်တွဲ ငလျင်များကြောင့် တိုင်းဒေသကြီး၊ ပြည်နယ်အချို့တွင် နေအိမ်၊ တိုက်တာ အဆောက်အဦများပြိုကြခြင်း၊ ပျက်စီးဆုံးရှုံးခြင်းများ ဖြစ်ပွားခဲ့သဖြင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်မည့်ကာလတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း များ ဖြစ်သော သွပ်၊ သံ၊ သံချောင်း၊ ဘိလပ်မြေ၊ အိမ်ရိုက်သံနှင့် သစ်အစရှိသည့် ပစ္စည်းများ ဝယ်လိုအား မြှင့်တက်လျက်ရှိရာ ဆောက်လုပ်ရေးလုပ် ငန်းသုံးပစ္စည်းများ တင်သွင်း သိုလှောင် ဖြန့်ဖြူးသည့် စက်ရုံ/အလုပ်ရုံ လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း၊ ရှိ/မရှိတို့ကို မြေပြင် ကွင်းဆင်းစစ်ဆေး ကြပ်မတ်မှုများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနတို့မှ တာဝန်ရှိသူများပူးပေါင်း၍ ၁၅.၅.၂၀၂၅ ရက်နေ့၊ (၉:၀၀) နာရီအချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၂၉၉) သံသုမာ လမ်း၊ (၅)ရပ်ကွက်ရှိ အိမ်ဖြူတော် ဘိလပ်မြေ၊ အိမ်ဆောက်ပစ္စည်းနှင့် လျှပ်စစ်ပစ္စည်း အရောင်းဆိုင်သို့ သွားရောက်၍ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ၏ ဈေးနှုန်းများ စစ်ဆေးခြင်းနှင့် ဈေးကစားရန်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုများမရှိစေရေးနှင့် ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းများမရှိစေရေးတို့ကို ကွင်းဆင်းအသိပညာပေးကြပ်မတ်စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)