Main menu

ဆေးလိပ်၊ ဆေးရွက်ကြီး ပစ္စည်းများ စံသတ်မှတ်ချက်နှင့်အညီ ထုတ်ပိုးရောင်းချမှု ရှိ-မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     မအူပင်ခရိုင်၊ မအူပင်မြို့နယ် ဈေးကွက်အတွင်း ရောင်းချနေသော ဆေးလိပ်၊ ဆေးရွက်ကြီး ပစ္စည်း များနှင့် စပ်လျဉ်း၍ စံသတ်မှတ်ချက်များနှင့်အညီ ထုတ်ပိုးရောင်းချမှု ရှိ-မရှိကို စစ်ဆေးဆောင်ရွက်ရန် ကျန်းမာရေးဦးစီးဌာန၏ ဖိတ်ကြားချက် ဦးဆောင်မှုနှင့်အတူ မအူပင်မြို့၊ ကမ်းနားလမ်း၊ မြို့ရှောင်လမ်း ပေါ်အတွင်း ကွမ်ရွက်ကြီး၊ ဆေးလိပ်၊ ဆေးရွက်ကြီးများ ရောင်းချနေသော ဆိုင်(၈)ဆိုင်ကို စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် အစား သောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တို့နှင့်အတူ ၁၄-၅-၂၀၂၅ ရက်နေ့ (၀၉၀၀)နာရီ အချိန်က ကွင်းဆင်းစစ် ဆေးခဲ့ကြသည်။

      စစ်ဆေးဆောင်ရွက်ရာတွင် စစ်ဆေးရေးအဖွဲ့တို့က ကွမ်းရွက်ကြီး၊ ဆေးရွက်ကြီးရောင်းချသော ဆိုင်များတွင် ရောင်းချနေသော ကုန်ပစ္စည်းများတွင် ကျန်းမာရေးဦးစီးဌာန၏ ဆေးလိပ်၊ ဆေးရွက်ထွက် ပစ္စည်းအမျိုးမျိုးတွင် သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ ဈေးကွက်အတွင်း စံသတ်မှတ်ချက်နှင့်အညီ ထုတ်ပိုးခြင်း၊ ကျန်းမာရေး သတိပြုရုပ်ပုံများ၊ စာသားများ ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာ အမိန့်နှင့်အညီ လိုက်နာဆောင်ရွက် ရောင်းချထုတ်ပိုးထားရှိမှု ရှိ-မရှိကို စစ်ဆေးခဲ့ကြပြီး အမိန်ပါ သတ်မှတ်ချက်နှင့် မညီသော ကုန်စည်များရှိပါက ဆိုင်ရှင်များကို သိရှိလိုက်နာနိုင်ရန်အတွက် ပညာပေး ပြောကြားခဲ့ပြီး လိုက်နာဆောင်ရွက်ရန်အတွက် အမိန့်ပါ ဥပဒေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)