Main menu

ဗဟိုစာရင်းအင်းအဖွဲ့များနှင့် ပုဇွန်တောင်ဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ပစ္စည်းများ၏ စျေးနှုန်းများ၊စျေးကွက်ဆိုင်ရာအခြေအနေများကို ကွင်းဆင်းစိစစ်ဆောင်ရွက်ခြင်း

Powered by Drupal

    ကုန်ဈေးနှုန်းကောက်ယူမှုလုပ်ငန်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စားသုံသူရေးရာဦးစီးဌာန၊   ရန်ကုန် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်ထူးမြတ်အိ (လက် ထောက်ညွှန်ကြားရေးမှူး)၊ ဒေါ်ခင်သီ(ဦးစီးအရာရှိ) ၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ခင်မာဌေး (ဦးစီးမှူး)  ၊ ဒေါ်လဲ့လဲ့ဌေး (ဒု-ဦးစီးမှူး)၊ ဒေါ်ယုယုလွင် (ငယ်/ရေး)၊ ဗဟိုစာရင်းအင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး‌ ဒေါ်ချိုချိုလွင် နှင့် ဝန်ထမ်း(၃)ဦးတို့သည် ပုဇွန်တောင်မြို့နယ်၊ ပုဇွန်တောင်ဈေးတာဝန်ခံ ဦးစိုးနိုင်နှင့် တာဝန်ရှိသူများ ပူးပေါင်းပြီး ၁၅.၅.၂၀၂၅ ရက်နေ့၊   နံနက် (၀၉:၀၀) အချိန်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လက်အောက်ရှိ အထက်ဌာနများသို့ တင်ပြလျက်ရှိသည့် ပုဇွန်တောင်ဈေးအတွင်းရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း(လက်လီ) ရောင်းချနေသည့် ဈေးနှုန်းများမှန်ကန်မှုရှိစေရေးနှင့် ဈေးကွက်အတွင်း ဝင်ရောက်မှုအခြေအနေတို့ကို  ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့သည့် စားဖိုဆောင်သုံးပစ္စည်းများမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်ရှည်၊ငရုတ်ပု၊အာလူး၊ သကြား၊ ကုလားပဲ စသည့်တို့ကို စားသုံးသူရေးရာဦးစီးဌာန၊ ဗဟိုစာရင်း အင်းအဖွဲ့၊ ဈေးစည်ပင်သာယာရေးကော်မတီတို့ နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြေပြင်တွင် အမှန်တကယ်ဖြစ်ပေါ်နေသည့် ဈေးနှုန်းအခြေအနေများကိုသိရှိနိုင်ပြီး လိုအပ်သည်များကို စီမံဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)