Main menu

ညောင်တုန်းမြို့နယ်၌ သစ်စိမ်းမြေသြဇာ ( ပိုက်ဆံလျှော် )မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲအခမ်းအနားကျင်းပ

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ​ညောင်တုန်းမြို့နယ်၌‌ စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၄ - ၂၀၂၅ ခုနှစ် မိုးစပါးရာသီ မြေဆီလွာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ ( ပိုက်ဆံလျှော် ) မျိုးစေ့ ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲ အခမ်းအနားကို ယနေ့နံနက် ၀၉၃၀ နာရီက ဆားမလောက်ကျေးရွာအုပ်စု၊  ကွင်းအမှတ် (၃၈၂)ကွင်း တောင်သူဦးကျင်လှိုင်ပါ တောင်သူ ၁၃ ဦး၏ လယ်မြေ ( ၅၀.၀၀ ) ဧကတွင် ၂၀၂၅ခုနှစ် ဧပြီလ ၁၃ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 အဆိုပါ သစ်စိမ်းမြေသြဇာ ( ပိုက်ဆံလျှော် ) မျိုးစေ့ပေးအပ်ပွဲသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတောင်သူများ စုစုပေါင်း (၇၅)ဦးခန့် တက်ရောက်ခဲ့ပြီး ဆားမလောက်ကျေးရွာ ကွင်းအမှတ်(၃၈၂)ရှိ တောင်သူ ဦးကျင်လှိုင်ပါ တောင်သူ(၁၃)ဦး၏ လယ်မြေ ၅၀ ဧကတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကြဲပက်ခြင်းနှင့် တက်ရောက်လာကြသည့် ဒေသခံတောင်သူများထံသို့ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)