
မအူပင်ခရိုင်၊ အခွန်လွတ်ဈေးတွင် ဒေါ်ကြည်ဝင်း ကြက်သွန်ရောင်းဝယ်ရေး လုပ်ငန်းရှိ၍ ကြက်သွန်၊ ကြက်သွန်ဖြူရောင်းဝယ်နေမှု အခြေအနေအား မေးမြန်းခဲ့သည်။ ဒေါ်ကြည်ဝင်း ကုန်သွန်ရောင်း ဝယ်ရေးမှ ကြက်သွန် အသေး၊ အလတ်၊ အကြီး ၃မျိုးကို ရန်ကုန်မြို့မှ အိတ်လိုက် မှာယူရောင်းချပြီး ၊ ကြက်သွန်ဖြူကိုလည်း ရောင်းချနေကြောင်းသိရသည်။
ကြက်သွန်နီ ဈေးနှုန်းအနေဖြင့် အသေး ၁ပိဿာ လက်လီဈေး ၂၅၀၀ကျပ်၊ အလတ် ၁ပိဿာ ၃၀၀၀ကျပ်၊ အကြီး ၁ပိဿာ ၃၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ကြက်သွန်ဖြူ ကြက်ကုတ် ၁ပိဿာ ၁၈၀၀ကျပ်၊ ကြူကုတ်အမွှာ ၁ပိဿာ ၁၅၀၀ကျပ်၊ ရှမ်းသီးအသေး ၁၃၀၀ကျပ်၊ ရှမ်းသီးအကြီး ၁၈၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။
ရောင်းချမှုအနေဖြင့် ကြက်သွန် ၁မျိုး အချိန် ၂၇ပိဿာပါရှိပြီး ကြက်သွန်ဖြူများမှာ ၈ပိဿာပါ ၁ ရှိကြောင်း သိရသည်၊၊ ၁မျိုးကို အိတ် ၃၀-၄၀ ခန့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ အိတ် ပေါင်း ၁၀၀ခန့် ကို ရန်ကုန်ဒိုင်ကြီးများမှ မှာယူရောင်းချနေကြောင်း သိရသည်။ ထိုအိတ်များ ကို ၁၅ရက်နှင့် ရက်၂၀ အတွင်း ရောင်းချရပြီး ဝယ်ယူမှု နည်းပါးပါက ၁လအတွင်းရောင်းချရကြောင်း ဒေါ်ကြည်ဝင်း ကြက်သွန်ဒိုင်မှ သိရသည်။
DOCA(ဧရာဝတီ)