Main menu

ကန့်ဘလူမြို့နယ်သို့ စားအုန်းဆီကားရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေး ခြင်းနှင့် စားအုန်းဆီလက်လီ/လက္ကားအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း သန်းသည် ၂၀၂၅ ခုနှစ်၊ မေလ ၁၅ ရက် နံနက်(၀၉:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ် ဆီကိုယ် စားလှယ်၏ မန္တလေးမြို့ရှိစားအုန်းဆီကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီ(၁၅)ပေပါ(သို့) (၁၆၅၀)ပိဿာ ရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး နံနက်(၀၉:၃၀)နာရီခွဲအချိန်တွင် ကန့်ဘလူမြို့ပေါ်ရှိ စားသုံးသူပြည်သူများကို စားအုန်းဆီလက်လီရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ရောင်းချရာတွင် ကန်ဘလူမြို့နယ်တာဝန်ခံမှ အချိန်အတွယ်မှန်ကန်မှုရှိ/မရှိနှင့် ဈေးနှုန်းမှန်ကန်မှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် လက်လီ/လက္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/ လက္ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂%အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း တစ်ဦးလျှင်(၅၀)ကျပ်သားနှုန်း ရောင်းချပေးလျှက်ရှိကြောင်း စားအုန်းဆီ လက်လီရောင်းချသည့်လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)