
စားသုံးသူရေးရာဦးစီးဌာနသည် မြို့နယ် ကျေးရွာပြည်သူများ ကုန်ဈေးနှုန်း တည်ငြိမ်စွာဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် ဈေးကွက်အတွင်းရောင်းချသော ကုန်စည်များ ဝန်ဆောင်မှုများ ကြက်ဥ၊ ဘဲဥ ဈေးနှုန်း ကြီးမြင့်မှု မရှိစေရေး မိတ်ဖက်ဌာနဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ၁၄-၅-၂၀၂၅ ရက်နေ့ နံနက် (၁၀၀၀) နာရီအချိန်က ဈေးနှုန်း ဈေးကွက် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်ခရိုင်ဦးစိးမှူးရုံးမှ ဒေါ်ခိုင်ခိုင်လင်း ဒု-ဦးစီးမှူးနှင့် အဖွဲ့က မအူပင်မြို့ ၃လမ်း လင်းလင်း ကြက်ဥ၊ ဘဲဥ အရောင်းဆိုင်၊ အခွန်လွတ်ဈေးမှ ရောင်းချသူလုပ်ငန်း ၊ ဘုရာလမ်းရှိ အရောင်းဆိုင်၊ ကမ်းနာလမ်းနား ရှိ ကြက်ဥ၊ ဘဲဥ အရောင်းဆိုင် စုစုပေါင်း(၄)ဆိုင် တို့မှ ကြက်ဥဈေးနှုန်း ဈေးကွက်အခြေအခြေအနေများကို စစ်ဆေးခဲ့ကြပြီး လက်ကားဈေးနှုန်း ကြက်ဥ ၃၀ပါ တစ်ကဒ် ၁၂၀၀၀နှုန်း၊ ဘဲဥ အလတ် ၃၀ပါတစ်ကဒ်ဈေး ၁၄၁၀၀နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ဈေးနှုန်း ပုံမှန်ဖြစ်ပေါ်လျှက်ရှိကြောင်းသိရပြီး လက်ကားဆိုင်ရှင်များကို ကြက်ဥ၊ ဘဲဥဈေး မြှင့်တင်ရောင်းချခြင်း မပြုရန် အသိပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်၊၊
DOCA(ဧရာဝတီ)