Main menu

ပန်းတနော်မြို့နယ်တွင် စိုက်ပျိုးထွက်ရှိသော အစေ့ထုတ်ပြောင်း

Powered by Drupal

    မအူပင်ခရိုင်အနေဖြင့် ၂၀၂၄-၂၀၂၅ခုနှစ် အစေ့ထုတ်ပြောင်း (ဆောင်း)သီးနှံ (၂၀၂၁၁)ဧကရှိပြီး ပန်းတနော် အနေဖြင့် (၉၉၇၀)ဧက စိုက်ပျိုးပြီး တစ်ဧက လျှင် (၄၀)တင်းနှုန်း ထွက်ရှိကြောင်း လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ သိရှိရသည်။

         အစေ့ထုတ်ပြောင်း(ဆောင်း)သည် မျိုး ၈၀၈ ငွေကျပ် ၈၅၀၀၀နှုန်း၊ ၂၇၂ မျိုး ငွေကျပ် ၁၂၀၀၀၀နှုန်းဖြင့် ဝယ်ယူရပြီး တစ်ထုတ်လျှင် နို့ဆီဗူး ၂၀ ပါရှိသည်။  ၁ဧကလျှင် ၆ထုတ်နှုန်း အသုံးပြုရပြီး ၁ကျင်းလျှင် ၂ဆစ့နှုန်းစိုက်ပျိုးသည်။ ၁ဧကတွင် လုပ်သား ၁၀ဦး လုပ်ကိုင်စိုက်ပျိုးကြောင်းသိရသည်။  တန်ဆောင်မုန်းလတွင် စတင်စိုက်ပျိုးပြီး တန်ခူးလတွင် စတင်ရိတ်သိမ်းနေပြီးဖြစ်သည်။ ၁ဧက ကုန်ကျစရိတ်အနေဖြင့် ၂၀သိန်း ဝန်းကျင့်ခန့်ကုန်ကျကြောင်း အထွက်နှုန်းအနေဖြင့် ၁ဧကလျှင် တင်း ၁၄၀-၁၅၀ နှုန်းခန့် ထွက်ရှိသဖြင့် အကျိုးအမြတ် ၂ ၆၅၀ ၀၀၀ကျပ် ရရှိကြောင်း တောင်သူထံမှသိရသည်။

        စတင်ပေါ်ထွက် ချိန်ရောင်းဈေးမှာ တစ်တင်းလျင် (၃၀၀၀၀)ကျပ်ဖြစ်ပြီး၊ ယခုလက်ရှိ‌ပေါက်ဈေး အစေ့ထုတ်ပြောင်း တစ်တင်းလျှင် (၃၁၀၀၀)ကျပ်ဖြင့် ဒေသတွင်းသိုလှောင်သော ကုန်သည်များမှ လာရောက်ဝယ်ယူကြပြီး  ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)