Main menu

မအူပင်မြို့နယ်တွင် ကြက်ဥ ဈေးကောင်းရရှိ၍ မွေးမြူရောင်းချသူများအဆင်ပြေ

Powered by Drupal

  မအူပင်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သူ တောင်သူများရှိပြီး ဒေသဖွံ့ဖြိုး တိုးတက်ရန်အတွက် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်လာသူ စီးပွားရေး လုပ်ငန်းရှင်မျာလည်းရှိသည်။ မွေးမြူရေးလုပ်ငန်းတွင် ငါးမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ပြီး တစ်ဖက်တစ်လမ်း ဝင်ငွေပိုမိုရရှိနိုင်ရန်နှင့် ငါးမွေးမြူရာတွင် အထောက် အကူပြုစေရန်အတွက် ကြက်နှင့် ဘဲများကို ငါးကန်းများတွင် တွဲဖက်၍ မွေးမြူလာကြသည်။  စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် မိသားစုဘဝစာဝတ်နေရေး အဆင် ပြေစေရန်အတွက်တစ်ပိုင်တစ်နိုင်အသားတိုး ကြက်မွေးမြူရေး လုပ်ငန်းလုပ်ကိုင်ရာ အဆင်ပြေ၍ အပိုဝင်ရရှိနေကြောင်း မအူပင်ခရိုင်အတွင်း ကြက်ခြံပိုင်ရှင်တစ်ဦးထံမှ သိရသည်။

  မည်သည့် မွေးမြူရေးလုပ်ငန်းတွင်မဆို မွေးမြူသည့် တိရစ္ဆာန်အတွက် သင့်လျော်ကောင်းမွန်သည့် မွေးမြူရေးခြံကို တည်ဆောက်ပေးရန် လိုအပ်ပြီး စနစ်တကျမွေးမြူနိုင်မှသာ ဥ အထွက်ကောင်းမွန်မည်ဖြစ်သည်။ မွေးမြူသော ကြက်များကို ရာသီဥတုဒဏ်ကို ခံနိုင်ရန်အတွက် ကာကွယ်ပေးနိုင်သည့် ကြက်ခြံတည်ဆောက်ထား ရန်လိုအပ်သည်။ ပြင်းထန်သော ရာသီဥတုဒဏ်ကိုခံရသော မွေးမြူရေးကြက်များ အထွက်နှုန်းကျဆင်းနိုင်သည်။ နေ၊ မိုး၊လေ ဒဏ်များကို ခံနိုင်သည့် အဆောက်အဦးတစ်ခုမဖြစ်မနေလိုအပ်သည်။ အသားတိုးကြက်မွေးမြူပါက ပြင်ပလူနှင့် အခြားသော သတ္တဝါများ ဝင်ရောက်မှု မရှိစေရန် ကြက်ခြံကိုတည်ဆောင်ရမည်ဖြစ်သည်။ ကြက်များအား လွှတ်ထားခြင်းထက် ခြံလှောင်မွေးမြူခြင်းဖြင့် စီမံခန့်ခွဲရ ပိုမိုလွယ်ကူစေပါသည်။ ကြက်များအား အစာကျွေးခြင်း၊ ရေတိုက်ခြင်း၊ ဖမ်းယူခြင်း၊ ချိန်တွယ်ခြင်း၊ ရောင်းချခြင်း အစရှိသဖြင့် ကြက်ခြံစီမံခန့်ခွဲမှုများကို ဆောင်ရွက်ရာတွင် ခြံလှောင်ထားသည့် ကြက်များကို စီမံခန့်ခွဲမှုက ပို၍ လွယ်ကူစေမည် ဖြစ်ပါသည်။  တစ်ပိုင်တစ်နိုင် ကြက်မွေးမြူရေးလုပ်ငန်းတွေမှ ကြက်ဥနှင့် ဘဲဥများ ထွက်ရှိမှုနှင့် ရောင်းအား ကောင်းမွန် လာမှုကြောင့် တိုးချဲ့မွေးမြူလုပ်ကိုင်လာပြီး အခြားဒေသများသို့လည်း တင်ပို့ရောင်းချလာနိုင်ခဲ့သည်။ ကြက်မွေးမြူရေး လုပ်ငန်းလုပ်ကိုင်ရာတွင် သွင်းအားစုတွေဖြစ်တဲ့ အစာနဲ့ ဆေးဈေးများ အနည်းငယ်မြင့်တက်လာပြီး ကြက်ခြံဆောက် လုပ်ရေးစရိတ်လည်း အနည်းငယ်မြင့်တက်လာသည်၊ အထွေထွေ ကုန်ကျစရိတ်နဲ့ လုပ်အားခတွေပါ မြင်တက်လာ သောကြောင့် ယနေ့ ကြက်ဥ ဈေးနှုန်း ဈေးကွက်မြှင့် တက်လာ ခြင်းဖြစ်ကြောင်း သိရသည်။ ဥစားကြက်များကို အကောင် ၁၀၀လျှင် ငွေကျပ် ၃၀၀၀၀၀ နှုန်းဖြင့် ဝယ်ယူမွေးမြူရကြောင်း သိရသည်။ ယခင်ကဆိုလျှင် ငွေကျပ် ၂၅၀၀၀၀ကျပ်ဖြင့် ဝယ်ယူမွေးမြူရသည်။ ဥစားကြက်များ ၁၆ပတ်သား ၁ကောင်လျှင် ယနေ့ဈေးနှုန်း ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ဝယ်ယူမွေးမြူရသည်။ ကြက်ခြံတွင် ကြက်အကောင်ရေတိုးပွားရန် ကြက်သားဖောက်ခြင်း၍ မွေးမြူကြောင်း အခြားသော တစ်ပိုင်တနိုင် ကြက်မေးမြူရေးလုပ်ငန်းအသေးများကလည်း ကြက်အကောင်ပေါက် ဝယ်ယူလိုပါက အနည်းငယ်ရောင်းချပေးကြောင်း ကြက်ခြံလုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(ဧရာဝတီ)