Main menu

ကမ်းရိုးတန်းသွားရေယာဉ် MV  ၅၂၇ အားတရားမဝင်ကုန်ပစ္စည်းများတင်ဆောင်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်ချက်အရ ဗိုလ်တထောင်ခရိုင်၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များသည် ၁၅.၅. ၂၀၂၅ ရက်နေ့ ၊ (၁၁:၀၀ မှ ၁၂:၀ဝ) နာရီအချိန်တွင် ကမ်းရိုးတန်းသွားရေယာဉ်များ ဆိုက်ကပ်သည့်  သာကေတဆိပ်ကမ်းတွင် ကုန်တင်/ကုန်ချပြုလုပ်နေသော  MV ၅၂၇ သင်္ဘော ရေယာဉ်အား တရားမဝင်ကုန်ပစ္စည်းများတင်‌ဆောင်ခြင်း ရှိ/မရှိ ၊  လက်နက်ခဲယမ်းများ သိုဝှက် သယ်ဆောင်ခြင်းများမရှိစေရေးတို့အတွက် ဌာနဆိုင်ရာအဖွဲ့များဖြင့်  ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့စစ်ဆေးရာတွင် (ရန်ကုန် မှ ဘုတ်ပြင်း )သို့ ထွက်ခွာမည့် သင်္ဘောတွင် အထွေထွေကုန်မျိုးစုံပစ္စည်းများ တန်ချိန် ( ၁၅၇ )တန်ကိုတင်ဆောင်နေကြောင်း စစ်ဆေးတွေ့ရှိပြီး  တရားမဝင်ကုန်ပစ္စည်းများနှင့် လက်နက်ခဲယမ်းများ  သိုဝှက်သယ်ဆောင်ခြင်း မရှိပါကြောင်းနှင့် ကုန်သွယ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ပြည်တွင်းရေ ကြောင်းဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့မှ ပူးပေါင်း စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)