
အင်ဒိုနီးရှားနိုင်ငံ အငယ်စား၊ အသေးစား၊ အလတ်စားလုပ်ငန်းများ(MSME) ဝန်ကြီးဖြစ်သူ Maman Abdurrahman က MSME လုပ်ငန်းရှင်များအား ၎င်းတို့၏စီးပွားရေး လုပ်ဆောင်ရာတွင် ပံ့ပိုးပေးရန် one-stop အသိအမှတ်ပြုလက်မှတ်ပေးခြင်းနှင့် လိုင်စင်ချပေးခြင်းစီးပွားရေးစနစ်ပြင်ဆင်လျက်ရှိကြောင်း သိရပါသည်။ ဝန်ကြီးက ထိုစီးပွားရေးစနစ်တွင် ဟာလာအသိအမှတ်ပြုလက်မှတ်နှင့် အိမ်တွင်းစားသောက်ကုန်လုပ်ငန်းပါမစ်ထုတ်ပေးခြင်းတို့ ပါဝင်ကြောင်း Banjarbaru မြို့တွင် မေလ ၁၄ ရက်နေ့ကပြောကြားခဲ့ပါသည်။ MSME လုပ်ငန်းရှင်များသည် စီးပွားရေးစတင်လုပ်ကိုင်သည့်အခါ ရှုပ်ထွေးသည့်လိုင်စင်ချပေးခြင်းနှင့် အသိအမှတ်ပြုလက်မှတ်ချပေးသည့် လုပ်ငန်းစဉ်များနှင့် ကြုံတွေ့နေရကြောင်း သိရပါသည်။ ဝန်ကြီးက လတ်တလောအကန့်အသတ်များကြောင့် MSME လုပ်ငန်းများအတွက် ဆက်လက်ကြီးထွားရန်နှင့် ရှင်သန်ရန်မလွယ်ကူကြောင်းပြောကြားခဲ့ပြီး MSME လုပ်ငန်းရှင်များသည်လည်း ထိုစနစ်တိုးတက်ရန်ကြိုးပမ်းအားထုတ်နေစဉ်အတွင်း စိတ်ရှည်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရ ပါသည်။ one-stop စီးပွားရေးစနစ်အပြင် ဝန်ကြီးဌာနသည် ဝန်ကြီးဌာနနှင့် အေဂျင်စီ ၄၈ ခုတစ်လျှောက်ရှိ MSME လုပ်ငန်းများ၏ အချက်အလက်များကို application မှတစ်ဆင့် ပေါင်းစပ်ရန်ကြိုးပမ်းလျက်ရှိကြောင်း သိရပါသည်။ ထို့ပြင် လုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန် ဝန်ကြီးဌာနသည် business cluster များနှင့် MSME Holdings များ တည်ထောင်ရန် စီစဉ်လျက်ရှိကြောင်း သိရပါသည်။
Antara News
DOCA (ရန်ကုန်)