
ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ စားသုံးသူရေးရာဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေး သင်တန်း (၄/၂၀၂၂)အား ၂၀၂၅ခုနှစ်၊ မေလ(၅)ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် အသိပညာပေးဟောပြောသူ စားသုံးသူရေးရာဌာနခွဲ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတွင် တာဝန်ထမ်းဆောင်နေသော ဒေါ်သင်းသင်းထွေး(ဒုလက်ထောက်ကြီးကြပ်ရေးမှူး)က စားသုံးသူကာကွယ်ရေး ဥပဒေ အကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားအကြောင်း၊ ကုန်စည်တစ်ခုတွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံရန်လိုအပ်ချက်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်လုပ်သည့် ကုန်စည်နှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားလျှောက်ထားရာတွင် ထည့်သွင်းဖော်ပြရမည့်အချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)