Main menu

ကျိုက်လတ်မြို့နယ် ထွေ/အုပ်ရုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား စားသုံးသူကာကွယ်ရေး အသိ ပညာပေး ဟောပြောခြင်း

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား (၂၃.၄.၂၀၂၅) နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးမင်းသန်းမှ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။

   ထိုသို့ဟောပြောရာတွင် ကျိုက်လတ်မြို့နယ်တာဝန်ခံက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ အကြောင်း၊ စားသုံးသူလုံခြုံစိတ်ချရမှုရှိစေရေး၊ အစားအသောက်များကို ဝယ်ယူသုံးစွဲရာတွင် အန္တရာယ် ရှိသော ကုန်စည်များ ဝယ်ယူသုံးစွဲခြင်းမပြုကြရန်နှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံသော ကုန်စည် များကိုသာ ရွေးချယ်ဝယ်ယူကြရန်နှင့် Myro ဆန်စပါး သိုလှောင်ရုံများ မှတ်ပုံတင်ဆောင်ရွက်ရန်နှင့် online စနစ်ရောင်းချမှုများအား မှတ်ပုံတင်ရေး ပြောကြားခဲ့ပြီး နစ်နာဆုံးရှုံးမှုများ ရှိလျှင် 1535 သို့ ဖုန်းခေါ်ဆို တိုင်ကြားနိုင်ကြောင်း အသိပညာဟောပြောခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)