Main menu

ဆန်ဆိုင်နှင့်စားအုန်းဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   (၁၅.၅.၂၀၂၅)ရက်နေ့ ညနေ(၃:၀၀)နာရီအချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဉီးဆောင်၍ ဌာနဆိုင်ရာများ ပူးပေါင်း၍ အမှတ်(၆)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်အတွင်းရှိ ဆန်ဆိုင်(၄) ဆိုင်နှင့် စားအုန်းဆီဆိုင် (၅)ဆိုင်တို့အား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ပါသည်။

     အဆိုပါ ပူးပေါင်းအဖွဲ့များက ဆန်ဆိုင်များတွင် ဆန်အိတ်(၅၀၀)နှင့်အထက် သိုလှောင်မှု ရှိလျှင် (MyRo)တွင် မှတ်ပုံတင်ပြုလုပ်ကြရန်နှင့် မသမာသော နည်းလမ်းဖြင့် ဈေးကစားရန် အလို့ငှာ သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် စားအုန်းဆီဆိုင် များအား ရည်ညွှန်း ဈေးနှုန်းသာ ရောင်းချရန် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များရှိပါက အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဉီးအောင်ဘော်မှ အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)