
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် (၂၀.၄.၂၀၂၅) ရက်နေ့တွင် မြန်အောင်ခရိုင်၊ ဟင်္သာတခရိုင် တို့တွင် ပြုလုပ်သည့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်ခြင်းကွင်းသရုပ်ပြပွဲ အခမ်းအနားသို့တက်ရောက်၍ တောင်သူများနှင့်အတူ သစ်စိမ်း မြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များကြဲပက်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ရွှေတောင်စု ကျေးရွာရှိ တောင်သူဦးသိန်းထွန်း၏ စိုက်ဧက(၁)ဧက၌ပြုလုပ်သည့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်ခြင်းကွင်းသရုပ်ပြပွဲ အခမ်း အနားသို့တက်ရောက်ခဲ့ပြီး တောင်သူများထံသို့ မျိုးစေ့များပေးအပ်ခဲ့ကာ ဌာနဆိုင်ရာများ၊ တောင်သူ များနှင့်အတူ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များကြဲပက်ပေးခဲ့ပြီးနောက် တောင်သူများ နှင့် တွေ့ဆုံ၍ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရေတော်မိုးတော်စိုက်ဧကများတွင် မိုးစပါးမစိုက်ပျိုးမီ ပိုက်ဆံလျှော် ထည့်သွင်းစိုက်ပျိုးနိုင်ရေး၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မြေခံစိုက်ပျိုးခြင်းဖြင့် မြေဆီသြဇာပိုမိုကောင်းမွန်စေပြီး သွင်းအားစု ဓာတ်မြေသြဇာများ လျော့ချသုံးစွဲနိုင်မည်ဖြစ်ကာ ကုန်ကျစရိတ်သက်သာပြီး အထွက် နှုန်း ပိုမိုတိုးတက်လာနိုင်မည့်အခြေအနေများနှင့် တောင်သူများ၏စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက် နေမှုအခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ပြီး တောင်သူများ ၏ တင်ပြချက်များအပေါ် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ဒူးယားမြို့၊ အမှတ် (၃)ရပ်ကွက်တောင်သူ ဦးကြည်စိုး ၏စိုက်ဧက(၃)ဧကတွင်ပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် ကြဲပက်ပွဲသို့ တက်ရောက်၍ တောင်သူများထံသို့ မျိုးစေ့များ ပေးအပ်ခဲ့ကာ ဌာနဆိုင်ရာများ၊ တောင်သူများနှင့်အတူ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များကြဲပက် ပေးခဲ့ပြီး သစ်စိမ်း မြေသြဇာ (ပိုက်ဆံလျှော်) မျိူးစေ့များ ကြဲပက်ခဲ့ကြပြီး တောင်သူများအား မိုးစပါးပန်းတိုင် အထွက်နှုန်းရောက်ရှိရေးကြိုးပမ်းဆောင်ရွက်ကြရန်၊ ဒေသရေမြေနှင့်ကိုက်ညီ သည့် အထွက်တိုး မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးကြရန်၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးမြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအား ဆွေးနွေး ပြောကြားခဲ့သည်။
DOCA(ဧရာဝတီ)