Main menu

မအူပင်ခရိုင်ဦးစီးမူးရုံးတွင် ဆီကုန်သည်များနှင့် ဆီအရောင်းကိုယ်စားလှယ်များ ဆီပေပါထုတ်ယူမှုနှင့် ဆီရောင်းချမှု လုပ်ငန်းများအကြောင်း တွေ့ဆုံဆွေးနွေး

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်း ဆီပေပါထုတ်ယူမှု လုပ်ငန်း အခက်အခဲများ ကြန့်ကြာမှုမရှိစေရန် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် Yadanarbon Global Network Distribution Co,Ltd မှ တာဝန်ရှိသူများနှင့် မအူပင်မြို့နယ် ဆီထုတ်ကိုယ်စားလှယ်(၅)ဦးနှင့် တွေ့ဆုံကာ ဆီထုတ်ယူမှုနှင့် ရောင်းချနိုင်မှု အခြေအနေများအား တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

   ဆွေးနွေးရာတွင်  ကုမ္ပဏီများ အနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသုံးဆီတွေ တင်သွင်းရရှိရေး၊ ပြည်တွင်း စားသုံးဆီ ဖူလုံ‌ရေး၊ စားသုံးသူတွေကို သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ သုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျှက်ရှိကြောင်း မအူပင်အနေဖြင့် လုပ်ငန်းအခက်အခဲရှိပါက ညှိနှိုင်းဆောင်ရွက်နိုင်ရန် ရောက်ရှိလာတဲ့ဆီတွေကို သက်ဆိုင်ရာတာဝန် ရှိသူတွေ စမ်းသပ်စစ်ဆေးပြီးမှ ဖြန့်ဖြူးရောင်းချရန်နှင့် ဆီပေပါများ ကိုလည်း ဟောင်းနွမ်းပါက အသစ်လဲလှယ်နိုင်ရန်၊ ပေပါများကိုလည်း ဆေးကျော၍ သန့်ရှင်စွာ အသုံးပြုရန် လုပ်ငန်းအခက်အခဲရှိပါက ဆွေးနွေးနိုင်ပါကြောင်း ပြောကြားခဲ့သည်။ မအူပင်ဆီကိုယ်စားလှယ်များမှ ရရှိသောဆီခွဲတမ်းများကို စနစ်တကျထုတ်ယူပြီး ရောင်းချပေး နိုင်ရန် ဆီအရောင်းကိုယ်စားလှယ်များထံ စနစ်တကျ ခွဲဝေချထားပေးပြီး သတ်မှတ်ဈေးအတိုင်း သတ်မှတ်ချက် နှင့်အညီ ရောင်းချရန် ကွင်းဆင်းကြပ်မတ်လျှက်ရှိကြောင်းနှင့် စားသုံးသူတွေလက်ဝယ် တိုက်ရိုက်ဖြန့်ဖြူး ရောင်းချပေးနေကြောင်း ရောင်းချသူများ သတ်မှတ်ချက်လိုက်နာဆောင်ရွက်ခြင်းမရှိကလည်း ထိရောက်စွာအရေး ယူဆောင်ရွက်မည်ဖြစ်ကြောင်းကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)