Main menu

အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းအား မြေပြင်စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ (၄)ဉီးတို့ သည် (၁၆.၅.၂၀၂၅) ရက်နေ့ နံနက်(၁၁:၁၅)အချိန်တွင် အင်းစိန်မြို့နယ်၊ ရွှေပြည်သာတံတားလမ်း၊ နယ်မြေ(၄)၊ တညင်းကုန်းရပ်ကွက်ရှိ မယ်သုချည်ထည်လက်ကားဒိုင်တွင် အွန်လိုင်းအမည်ဖြင့် အထည်အလိပ်၊ အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများ အွန်လိုင်းမှတ်ပုံတင်ထားရှိမှုအား မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ ဆောင်ရွက်ရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့်အချက်အလက်များအား မြေပြင်စစ်ဆေးချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/မရှိနှင့် အခြားလိုအပ်သည့် အချက် အလက်များပြည့်စုံ မှန်ကန်မှုရှိ/မရှိအား DOCA Application အသုံးပြု၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)