
မအူပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဒေသတွင်းရောင်းချသော အမှတ်တံဆိပ်ပါ ဗူးသွပ်ဆီများ ကုန်အညွှန်အမှတ်အသားပြည်စုံမှု ရှိ/မရှိနှင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းလုံခြုံစွာ အသုံးပြုနိုင်ရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို လစဉ် အပါတ်စဉ် စစ်ဆေးဆောင်ရွက်လျှက်ရှိသည်။
၂၃-၄-၂၀၂၅ ရက်နေ့ နံနက်(၁၀၀)နာရီအချိန် က ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချီမီဇင် ဒု-ဦးစီးမှူးနှင့် ဝန်ထမ်းများ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ညောင်တုန်း ၄ရပ်ကွက်၊ ၆ရပ်ကွက်၊ ၇ ရပ်ကွက်များရှိ ဗူးသွပ်ဆီ အရောင်းဆိုင်(၉)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ကုန်အမှတ်တံဆိပ်အမျိုးမျိုးဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆီဗူးများတွင် ဟင်းသီးဟင်းရွက်ဆီ ( Vegetable Oil , Cooking Oil ) ဟုသာ ဖော်ပြထားခြင်းများ စစ်ဆေးဆွေ့ရှိရပါသည်။ လုပ်ငန်းရှင်များကို ရောင်းချနေသော ဆီဗူးများတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက် အချက်အလက်များ ပါဝင်မှ ရောင်းချရန် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) လုပ်ငန်းရှင်များ တိကျစွာလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း၊ ကုန်စည်ရောင်းချသူများအနေဖြင့် မိမိတို့ရောင်းချသော ကုန်စည်နှင့်ပတ်သက်သော ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတင်းအချက်အလက်များကိုသိရှိရန်နှင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုက်နာမှု မရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များကို သိရှိကြောင်း မှတ်တမ်းရေးသွင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)