
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာဈေး အပြင်ရှိ လက်ကိုင်ဖုန်းအမျိုးမျိုး ရောင်းချသောဆိုင်များသို့ စားသုံးသူများ အသုံးပြုမည့် ကုန်စည်များ တွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိစေရေးအတွက် မေလ(၁၆)ရက်နေ့၊ ညနေ(၁၄:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စည်ပင်သာယာမြို့မဈေး အပြင်ရှိ လက်ကိုင်ဖုန်း အမျိုး မျိုးရောင်းချသော ဆိုင်များသို့ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရန် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်သော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ လိုက်နာဆောင်ရွက် သွားကြရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် လက်ကိုင်ဖုန်းများအား ရောင်းချခြင်း မပြုလုပ်ကြရန် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ လိုက်နာမှုမရှိပါက စားသုံးသူကာ ကွယ်ရေး ဥပဒေပုဒ်မ (၇၃)အရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)