Main menu

တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ ပြည်တွင်းပြည်ပတင်ပို့ရောင်းချလျက်ရှိသော တံမြက်စည်း အလုပ်ရုံပိုင်ရှင်နှင့်တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

         ၂၀၂၅ ခုနှစ်၊ မေလ ၁၈ ရက်နေ့၊ နေ့လည် (၁၄း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်မြို့ရှိ ပြည်တွင်းပြည်ပတင်ပို့ရောင်းချလျက်ရှိသော တံမြက်စည်းအလုပ်ရုံပိုင်ရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာ၌ ပြည်ပတင်ပို့နေ့သည့် တံမြက်စည်းအလုပ်ရုံအတွင်း လိုအပ်သော ငွေရေးကြေးရေးကိစ္စ၊ ပြည်ပသို့တင်ပို့ရာတွင် တွေ့ကြုံနေရသော အခက်အခဲများအား ပြောကြားခဲ့ပြီး တိုင်းဦးစီးမှူးမှလည်း ကုန်ကြမ်းရရှိမှု၊ ကုန်ချောထုတ်လုပ်တင်ပို့မှု၊ လုပ်သားအင်အား၊ ရင်းနှီးမြှုပ်နှံမှု၊ စျေးနှုန်းစျေးကွက်အခြေအနေများအား မေးမြန်း၍ လိုအပ်သည့်ကိစ္စများအား မိမိတို့ဌာနမှ တတ်နိုင်သလောက် ကူညီဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA(တနင်္သာရီ)